News & Updates

Stay informed about our latest initiatives, photos, videos and success stories

New Year's Eve Address for 2026

EdBridge (for Myanmar Women) Initiative

To all respected citizens of Myanmar, friends, and prospective collaborators,

The EdBridge (for Myanmar Women) Initiative (EBM) team joins me in sending New Year's greetings as we approach 2026 with full hope and wish to announce our major goals.

Our Mission and Commitment to Support

The main purpose for establishing this organization is for us, as displaced individuals of various ages and genders who believe in equality, to fulfill the essential economic and educational needs of women.

We will effectively support women to achieve the following fundamental requirements:

  • To skillfully master the methods and systems for operating their own businesses.
  • To skillfully use technology and Digital Tools.
  • To ensure smooth progress in social relations and networking.
  • To competently learn international English language and to provide special support to those who wish to pursue further education.

Tuition Fees and the Social Business Model

EBM adopts a social business model approach, positioned between profit-driven corporations and mission-driven non-profit organizations. It applies business principles to ensure sustainability while prioritizing social impact over profit distribution.

Social Impact Fund: Ten percent (10%) of the revenue generated from paid services will be directly contributed back to support the educational programs for financially disadvantaged women.

ASEAN Network Connectivity

Our team members collaborate remotely and are displaced persons currently residing in ASEAN countries (specifically Myanmar, Thailand, and Vietnam). We respectfully invite those who wish to explore business opportunities in these countries to connect and collaborate through our strong network.

လေးစားအပ်ပါသော မြန်မာပြည်သူ၊ ပြည်သားအပေါင်း၊ မိတ်ဆွေများ၊ နှင့် ပူးပေါင်းဆောင်ရွက်လိုသူများရှင်၊

EdBridge (for Myanmar Women) Initiative (EBM) အဖွဲ့သားများနဲ့အတူ မျှော်လင့်ချက်အပြည့်ဖြင့် ကြိုဆိုရမည့် ၂၀၂၆ ခုနှစ် နှစ်သစ်အကြို နှုတ်ခွန်းဆက်သခြင်းနှင့် ကျွန်ုပ်တို့၏ ရည်မှန်းချက်များကို အသိပေးအပ်ပါတယ်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်နှင့် ပံ့ပိုးမှု ကတိကဝတ်

ဤအဖွဲ့အစည်း တည်ထောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အသက်အရွယ်၊ ကျား/မ တန်းတူညီမျှမှုရှိသော ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် အမျိုးသမီးများအတွက် အမှန်တကယ် လိုအပ်နေသော စီးပွားရေးနှင့် ပညာရေးလိုအပ်ချက်များ ကို ဖြည့်ဆည်းပေးရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် အမျိုးသမီးများအား အောက်ပါ အခြေခံလိုအပ်ချက်များ ရရှိစေရန် ထိရောက်စွာ ပံ့ပိုးပေးသွားပါမည်-

  • ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်မှု နည်းလမ်းစနစ်များကို ကျွမ်းကျင်စွာ တတ်မြောက်စေရန်။
  • နည်းပညာနှင့် Digital Tools များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန်။
  • လူမှုဆက်ဆံရေးနှင့် ကွန်ရက်ချိတ်ဆက်မှု အဆင်ပြေချောမွေ့စေရန်။
  • နိုင်ငံတကာသုံး English စကားကို ပိုင်နိုင်စွာ သင်ယူနိုင်ရန်နှင့် ပညာဆက်လက်သင်ကြားလိုသူများကို အထူးအထောက်အကူပြုရန်။

သင်တန်းကြေးနှင့် လူမှုစီးပွားရေး စနစ် (Social Business Model)

ကျွန်ုပ်တို့၏EBM သည် အကျိုးအမြတ်အတွက် ဦးတည်သော ကော်ပိုရေးရှင်း များနှင့်အကျိုးအမြတ် မယူသော အဖွဲ့အစည်းများကြားတွင် တည်ရှိပြီး လူမှုစီးပွားရေးပုံစံကို ကျင့်သုံးသည်။

လူမှုအကျိုးပြု ရန်ပုံငွေ: ထိုအခကြေးငွေမှ ရရှိသော ငွေ၏ ၁၀ ရာခိုင်နှုန်း (10%) ကို ငွေကြေးမတတ်နိုင်သော အမျိုးသမီးများ၏ ပညာရေးအစီအစဉ်များအတွက် တိုက်ရိုက်ပြန်လည်ထောက်ပံ့ ပေးသွားပါမည်။

အာဆီယံ ကွန်ရက် ချိတ်ဆက်မှု (ASEAN Network)

ကျွန်ုပ်တို့ အဖွဲ့ဝင်များသည် remote စနစ်ဖြင့် ပူးပေါင်းကာ အာဆီယံနိုင်ငံများ အတွင်း (အထူးသဖြင့် မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင်) ရွှေ့ပြောင်းနေထိုင်ကြသူများ ဖြစ်ကြပါသည်။ ထို့ကြောင့်၊ ဤနိုင်ငံများအတွင်း စီးပွားရေးအခွင့်အလမ်းများ ရှာဖွေလိုသူများ အနေဖြင့် ကျွန်ုပ်တို့အဖွဲ့၏ ခိုင်မာသော ကွန်ရက်မှတစ်ဆင့် လာရောက်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

New Year 2026 Celebration
Dec 31, 2025 Announcement

New Year 2026: A Message from Our Founder

Back to Home